သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာကိစ္စ သတင်းစာရှင်းလင်းပွဲ လုပ်မည်
DVB
·
April 24, 2014
သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဟာ အစုရှယ်ယာ ထုတ်ရောင်းတာ၊ ရှယ်ယာ ၀ယ်လိုသူတွေက အဆိုပြုတာ စတဲ့ကိစ္စတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတခုကို ရန်ကုန် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ လာမယ့် ဧပြီ ၂၅ ရက်နေ့ ပြုလုပ်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။
[caption id="attachment_47770" align="alignright" width="300"] သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]
အများပိုင်ကုမ္ပဏီဟာ သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာ ၀ယ်ယူလိုသူတွေကို မတ် ၃ ရက်နေ့ကနေ ဧပြီ ၉ ရက်နေ့အထိ လျှောက်လွှာ တင်ခိုင်းခဲ့ပြီး အခု အဲဒီရှယ်ယာကိစ္စ ရှင်းလင်း မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဟာ ၁ စုကို ကျပ် ၁ သောင်းတန် ရှယ်ယာပေါင်း ၂ သန်းကျော် ပြည်သူတွေကို ထုတ်ရောင်းပေးမယ်လို့ ထုတ်ပြန် ကြေညာပြီး စိတ်ဝင်စားတဲ့ အဆိုပြု လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။