ဘယ်လ်ဂျီယံနိုင်ငံဟာ အီးယူရဲ့ ဓာတ်ငွေ့တင်သွင်းမှုဈေးနှုန်းကန့်သတ်ချက်ကို ထောက်ခံကြောင်း နိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးက အီးယူ အရေးပေါ်ဆွေးနွေးပွဲမတိုင်ခင် စက်တင်ဘာ ၉ ရက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရုရှားကနေဝယ်ယူမှုတွေကို တစိုက်မတ်မတ် သတိပေးနေတာဟာ ဥရောပအိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စွမ်းအင်စျေးနှုန်းတွေကို ကျဆင်းစေမှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
သောကြာနေ့က ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမတိုင်မီ အီးယူအမှုဆောင်တွေ အဆိုပြုတဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းမှ တင်သွင်းမှုဆိုင်ရာ စျေးနှုန်းကန့်သတ်ချက်ဟာ အခုထိ အစုအဖွဲ့ရဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံကြားမှာ ရောထွေးနေပါတယ်။
ဘယ်လ်ဂျီယံဝန်ကြီး တင်းဗန်ဒါစထရာတန်က သူ့နိုင်ငံဟာ အာရှဈေးကွက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဓာတ်ငွေ့ဖလှယ်ရောင်းဝယ်မှုမှာ အီးယူတခွင် ဈေးနှုန်းသတ်မှတ်ချက်တွေကို လိုချင်ကြောင်းနဲ့ ထောက်ပံ့ရေးပိုင်းမှာ ဘေးကင်းလုံခြုံမှုကို သေချာစေမယ့် တခုခုကိုလည်း လိုချင်ကြောင်း ပြောပါတယ်။
လက်ကားဈေးကွက်အဆင့်မှာ ပုံသေစျေးနှုန်း၊ ဓာတ်ငွေ့ဈေးနှုန်းအပေါ် သတ်မှတ်ချက်ရှိဖို့ ကြားဝင်စွက်ဖက်ရမှာ ဖြစ်ကြောင်းနဲ့ ဒါမှသာ စွမ်းအင်နဲ့ စက်မှုလုပ်ငန်းအတွက် အသုံးစရိတ်အပေါ် သက်ရောက်မှုရှိစေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
အီးယူစွမ်းအင်ဝန်ကြီး ၂၇ ယောက် အနေနဲ့ စွမ်းအင်စျေးနှုန်းတွေကို လျှော့ချဖို့အတွက် ဥရောပကော်မရှင်ကို သောကြာနေ့မှာ ရှင်းလင်းတဲ့ လမ်းညွှန်ချက်ပေးသင့်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဈေးနှုန်းကန့်သတ်ချက်ဟာ ရက်အနည်းငယ်အတွင်း အကျိုးသက်ရောက်နိုင်ကြောင်းလည်း သူက ဆိုပါတယ်။
အီးယူရဲ့ ပူးတွဲဓာတ်ငွေ့ဝယ်ယူမှုတွေကို ရှေ့တန်းတင်ထားရမှာဖြစ်ပြီး အစုအဖွဲ့အနေနဲ့လည်း စွမ်းအင်ဈေးကွက် စျေးနှုန်း ပြုပြင်ပြောင်းလဲမှု လိုအပ်နေကြောင်း ဘယ်လ်ဂျီယံဝန်ကြီးက ပြောပါတယ်။