မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင် စံပြကျေးရွာ ကမ်းနားလမ်း နေအိမ်တအိမ်မှာ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ က မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းတာနဲ့ ဒေသခံပြည်သူတွေ အပါအဝင် မီးသတ်သမားတွေက မီးသတ်ကား၊ ရေသယ်ကားတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၃၇ မိနစ်မှာ လုံးဝ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။
အဆိုပါနေအိမ်မှာ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။
မီးလောင်မှုကြောင့် ရေခဲငါးဂိုထောင်ဆောင် နေအိမ်သာ မီးလောင်ကျွမ်း ဆုံးရှုံးပြီး ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ဘေးပတ်ဝန်းကျင် နေအိမ်တွေ မီးမကူးစက်ခဲ့သလို ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးဘူးလို့ ဆိုပါတယ်။
နှစ်စဉ် မြန်မာနိုင်ငံမှာ မီးဘေးအန္တရာယ်ကြောင့် မီးလောင်ကျွမ်းမှုဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်းများစွာ ရှိတယ်လို့ ဆိုပါတယ်။