Thursday, June 8, 2023
HomeLead Storyတာ့ခ်ခရိုင် အုန်းဖျန်တွင် မြေပြိုပြီး လမ်းပိတ်နေ

တာ့ခ်ခရိုင် အုန်းဖျန်တွင် မြေပြိုပြီး လမ်းပိတ်နေ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ်ထဲမှာ မနေ့ညက မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာတော့ တောင်စောင်းကမြေတွေ ကားလမ်းမပေါ် ပြိုကျပြီး လမ်းပိတ်နေပါတယ်။

ပိတ်နေတဲ့ကားလမ်းဟာ ဖုပ်ဖရမြို့နယ်နဲ့ အုန်းဖျန်မြို့နယ်သွား ကားလမ်းမကြီး အုန်ပျန့်ကျေးရွာအနီးမှာ တည်ရှိပြီး ယာဉ်တွေ ပုံမှန်သွားလာနိုင်အောင်လို့ အမှတ် ၂ လမ်းတံတားဌာနက လူအင်အား၊ စက်အင်အားနဲ့ အပူတပြင်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – AEC อาเซียน News

RELATED ARTICLES
- Advertisment -
Google search engine

Most Popular