ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စက်တင်ဘာ ၇ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွးပြီး လေဖြတ်နေတဲ့ အမျိုးသား တစ်ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မအူပင်မြို့၊ အမှတ် ၁၀ ရပ်ကွက်၊ ရတနာဗိမာန်ဘုန်းကြီးကျောင်းရှေ့က နေအိမ်မှာ ည ၉ နာရီခွဲလောက်စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး လေဖြတ်နေတဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “မီးစလောင်တာနဲ့ အကုန်ဝိုင်းငြှိမ်းတယ်၊ အနီးနားကသူတွေပေါ့၊ မီးသတ်ကားလာတာ နည်းနည်း နောက်ကျသွားတာလည်းပါတယ်။ မီးလောင်တာကတော့ နာရီဝက်လောက် ကြာသွားမယ်ထင်တယ်”လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
မအူပင်မြို့နယ်မှာ ဩဂုတ် ၉ ရက်နေ့ကလည်း အမှတ် ၃ ရပ်ကွက်က မုန့်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။