Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များအတွက် လှုပ်ရှားမှု နေရာအနှံ့ ပြုလုပ်မည်
ပိုင်စိုး
·
April 23, 2014

လွတ်လပ်စွာ သတင်းရယူခွင့်နဲ့  ဖမ်းဆီးခံ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေကို ရန်ကုန်နဲ့  တခြားနယ်မြို့တွေမှာ ပြုလုပ်ဖို့ မီဒီယာအဖွဲ့အစည်းတွေနဲ့ နယ်ခံသတင်းထောက်တွေက စီစဉ်နေပါတယ်။

[caption id="attachment_55304" align="alignright" width="300"]ဦးဇော်ဖေ ဦးဇော်ဖေ[/caption]

မြန်မာနိုင်ငံမှာ  သတင်းမီဒီယာဥပဒေ အတည်ပြုပြီး ဖြစ်ပေမယ့် လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ သတင်းထောက်တွေ အပေါ်မှာ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီး အရေးယူတာတွေ ဆက်လက်ရှိနေတဲ့အတွက် သတင်းသမားတွေက ဆန္ဒဖော်ထုတ်ဖို့နဲ့ ဆုတောင်းပွဲတွေ ထပ်လုပ်ဖို့ ရှိနေကြပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့  မကြာသေးခင်ကမှ သရက်ထောင်မှာ အကျဉ်းကျခံ ထားရတဲ့ ဒီဗွီဘီတင်းထောက် ဦးဇော်ဖေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့  သတင်းထောက်တွေ လွတ်လပ်စွာ သတင်းရယူခွင့် အပြည့်အ၀ရဖို့ လာမယ့် ဧပြီ ၂၅ ရက်နေ့မှာ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဖို့ ခွင့်ပြုမိန့် တင်ထားတယ်လို့ သတင်းထောက် ဥာဏ်စိုးဝင်းက ပြောပါတယ်။

အလားတူ  ပဲခူးတိုင်း   ပြည်မြို့မှာလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဖို့ အစီအစဉ်ရှိ တယ်လို့ ဒေသခံသတင်းထောက်တွေက ပြောပါတယ်။

မကွေးမြို့မှာတော့ ဒေသခံ သတင်းသမားတွေက မြသလွန်ဘုရားမှာ ဧပြီ ၂၁ရက်နေ့က တမြို့တည်းသား  ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေကို လွှတ်ပေးဖို့ ဆုတောင်းခဲ့ကြပါတယ်။

လာမယ့် ဧပြီ ၂၆ ရက်နေ့မှာတော့ သတင်းမီးဒီယာအဖွဲ့အစည်းတွေ စုပေါင်းတွေ့ဆုံပြီး သတင်းလွတ်လပ်ခွင့်နဲ့ ဖမ်းဆီးခံသတင်းသမားတွေ ပြန်လွှတ်ပေးဖို့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးကြဖို့ ရှိတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ  သတင်းလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ၊  လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေး အင်အားစုတွေကို ရှင်းပြ စည်းရုံးသွားဖို့၊  မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တလျောက်လုံး ပြောဆိုလာတဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး အခြေအနေအရပ်ရပ်ကို ပြောဆိုနိုင်အောင် ဆက်လက်ကြိုးပမ်းသွားဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024