ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သင်္ကြန်ကာလ ယာဉ်တိုက်မှုကြောင့် ၁၆ ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီနှစ်သင်္ကြန်ကာလ ယာဉ်စီးရေ ၁ သိန်းလောက်ဖြတ်သန်းခဲ့ပြီး  ယာဉ်မတော်တဆမှု (၂၃) မှု၊ သေဆုံး ၁၆ ဦးနဲ့ ဒဏ်ရာရသူ ၄၁ ဦးရှိတယ်လို့ အမြန်လမ်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

10155004_773890509322679_6108848453726829552_nဒီနှစ်သင်္ကြန် အကြိုနေ့ ၁ ရက်တည်းမှာပဲ ယာဉ်မတော်တဆမှု ၈ မှု ဖြစ်ခဲ့တာပါ။ ပြီးတော့မနှစ်က သင်္ကြန်မှာတော့ ယာဉ်စီးရေ ၇ သောင်းကျော်ဖြတ်သန်းခဲ့ပြီး ယာဉ်မတော်တဆမှု ၉ မှု ဖြစ်ခဲ့တဲ့အတွက် ဒီနှစ်မှာ ၂ ဆခွဲပိုလာတယ်လို့လည်း ဖော်ပြထားပါတယ်။

//
More News
Up