Home
မြန်မာသတင်း
မြောက်ဥက္ကလာ မူလတန်းကျောင်းတွင် ကျောင်းအုပ် အပါအဝင် ၁၅ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
September 1, 2022

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်မှာရှိတဲ့ မူလတန်းကျောင်းတကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၁၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းမှာ စတုတ္ထတန်း ကျောင်းသားတစ်ဦး အနံ့ပျောက်လို့ သြဂုတ် ၃၀ ရက်က စစ်ဆေးရာမှာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ထိစပ်သူ  ၁၅ ယောက်မှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားမိဘတယောက်က "စတုတ္ထတန်းကျောင်းသားလေး အနံ့ပျောက်လို့ဆိုပြီး ကိုဗစ် Test နဲ့ စစ်လိုက်တာ ကိုဗစ်-၁၉ ပိုးတွေ့တယ်။ ဒါနဲ့ ဆက်စပ်သူတွေကို ထပ်စစ်တော့ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၁၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်" လို့ ပြောပါတယ်။

အခုလို ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းသားတွေမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ မူလတန်းကျောင်းကိုတော့ မပိတ်ဘဲ ဆက်လက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတဦးက “မနေ့က ကျောင်းထဲမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတော့ ကျောင်းသားမိဘတွေ ကလေးတွေကို ပြန်လာခေါ်ကြတယ်။ ကိုဗစ်ဖြစ်တဲ့ ကလေးတွေကိုတော့ Home Quarantine ထားပြီး ကျောင်းကတော့ဆက်ဖွင့်နေတယ်။ ကျမသမီးကိုတော့ ကျောင်းမလွှတ်တော့ဘူး"လို့ ပြောပါတယ်။

လက်ရှိ  အမှတ် ၁၆ အခြေခံပညာမူလတန်းကျောင်းကို ဆက်လက်ဖွင့်လှစ်ထားပေမဲ့  ကျောင်းသူ ကျောင်းသားအနည်းငယ်ပဲ ကျောင်းတက်ရောက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024