Home
သတင်းဓာတ်ပုံ
မန္တလေးတွင် မိုးခေါ် လွန်ဆွဲပွဲ ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
April 21, 2014

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက် မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့ ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်း တာရိုးပေါ်မှာ ဒီနေ့ ညနေ ၄ နာရီက ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး တဖက်စီဆွဲကြတာဖြစ်ပြီး ဒီနေ့ ၄ ပွဲမှာ တဖက် ၂ ပွဲစီ သရေကျခဲ့ပါ တယ်။ လွန်ဆွဲသူက တဖက်ကို လူ ၂၀၀ လောက်စီရှိပြီး လူ ၁၀၀၀ လာက်လာကြတယ်လို့ လာအားပေးသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက နယ်တွေမှာ မိုးခေါင်တဲ့နှစ်တွေဆိုရင် လွန်ဆွဲပြီးမိုးခေါ်ကြတာဟာ ရိုးရာ ဓလေ့တခုဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မန္တလေးမှာ မိုးမရွာသေးပဲ အပူချိန်ကလည်း တအားများတယ်လို့ ဒေသခံ ကိုဇင်မောင်မောင်က ပြောပါတယ်။

လွန်ဆွဲပွဲတွေကို မနက်ဖြန် နဲ့ သန်ဘက်ခါမှာလည်းဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။ ဓာတ်ပုံ-ဇင်မောင်မောင် [gallery ids="55175,55176,55177,55178,55179"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024