Home
သတင်းတို
အကောက်ခွန်လွတ် အရောင်းဆိုင်များ ပြန်လျှောက်ထားရမည်
DVB
·
April 21, 2014

အရင် စစ်အစိုးရခေတ်က ခွင့်ပြုချက် ရခဲ့ပြီး လက်ရှိအချိန်ထိ ဖွင့်လှစ် ရောင်းချ လုပ်ကိုင်နေတဲ့ လေဆိပ်အကောက်ခွန်လွတ် အရောင်းဆိုင်တွေ အပါအ၀င် အကောက်ခွန်လွတ် အရောင်းဆိုင် အားလုံး လာမယ့် ဧပြီလ မကုန်ခင် ပြန်ပြီး လျှောက်ထားကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

yangon airportပြန်ပြီး လျှောက်ထားရမယ့် အကောက်ခွန်လွတ် အရောင်းဆိုင်ပိုင်ရှင်တွေ အနေနဲ့ ဗဟိုဘဏ် က ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်၊ ဆိုင်ဖွင့်လှစ်မယ့် နေရာ၊ ပို့ဆောင်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ဆိုင်ခန်း ဖွင့်ခွင့်ပြုကြောင်း ထောက်ခံစာ၊ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်လက်မှတ်နဲ့ တခြား အထောက်အထားတွေ လိုအပ်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

ဆက်ပြီး လျှောက်ထားခြင်း မပြုတဲ့ ဆိုင်တွေဟာ ဧပြီလ ကုန်ပြီးတာနဲ့ ပိတ်သိမ်းရမယ်လို့လည်း သူက ရှင်းပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်း လိုင်စင်ရှိသူနဲ့ အကောက်ခွန်လွတ် အရောင်းဆိုင် လိုင်စင်ရှိသူ ၂ မျိုးသာ ပြည်ပကနေ အရက်တင်သွင်းခွင့် ရရှိသူတွေ ဖြစ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024