ဆီရီးယားနိုင်ငံတွင် အဖမ်းခံထားရသည့် ပြင်သစ် သတင်းထောက် ၄ ဦး ပြန်လည်တွေ့ရှိ

ဓာတ်ပုံ - AFP
925
ဆီရီးယားမှာ အဖမ်းခံထားရတဲ့ ပြင်သစ်လူမျိုးသတင်းထောက် ၄ ယောက်ကို တူရကီ စစ်သားတွေက နယ်စပ်မှာ တွေ့ရပြီးနောက် ဧပြီလ ၁၉ ရက်နေ့မှာတော့ အိမ်ပြန်သွားကြပါပြီ။
[caption id="attachment_55101" align="alignright" width="940"]
ဓာတ်ပုံ - AFP[/caption]တူရကီနဲ့ ဆီရီယား နယ်စပ်မှာ သတင်းထောက်တွေကို မျက်နှာကို အုပ်ထားပြီး လက်တွေကို ကြိုးချည်လျက် ပြန်တွေ့ခဲ့ရတာလို့ ဒိုဂန် သတင်းဌာနက အစီရင်ခံပါတယ်။
သတင်းထောက် ၄ ယောက်စလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ သူတို့ ၄ ယောက်ကို အစ္စလာမ္မစ် အီရတ်နိုင်ငံတော်နဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ (အိုင်အက်အိုင်အယ်) သူပုန်အဖွဲ့က ဇွန်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမည်မသိ အဖွဲ့တဖွဲ့က ဧပြီလ ၁၈ ရက်နေ့ ညပိုင်းမှာ တူရကီနယ်စပ်ကို ပို့ပေးခဲ့တာဖြစ်ပါတယ်။
ဆီရီးယားဟာ ကမ္ဘာမှာ သတင်းထောက်တွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတင်းသမား ကာကွယ်ရေးအဖွဲ့ (စီပီဂျေ)က သတ်မှတ်ပါတယ်။ ဆီရီးယားနိုင်ငံ ဆာဟဲ ဒေသမှာ နောက်ထပ် ပြင်သစ်သတင်းသမား ၂ ယောက် ပျောက်ဆုံးနေပါတယ်။
