Home
မေးမြန်းခန်း
ဘီးလင်းမြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
August 25, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းဟာ သြဂုတ် ၂၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ မြို့မရဲစခန်းကို အမည်မသိအဖွဲ့တခုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီ ဗုံးဟာ ရဲစခန်းဓမ္မာရုံအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ဗုံးပေါက်ကွဲပြီးနောက် ရဲစခန်းထဲကနေ သေနတ်သံ ၁၀ ချက် ထက်မနည်း ထွက်ပေါ်ခဲ့သလို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။ စစ်ကောင်စီနဲ့နီးစပ်သူတွေကတော့ ဒရုန်းနဲ့ လာရောက် တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဘီးလင်းမြို့မရဲစခန်းဟာ ပြီးခဲ့တဲ့ မတ်နဲ့ မေလတုန်းကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဘီးလင်းမြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024