Home
မြန်မာသတင်း
မောင်တောတွင် စာအုန်းဆီဈေး အဆမတန် မြင့်တက်
DVB
·
August 21, 2022

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စားအုန်းဆီကို လှောင်ထားတဲ့ စီးပွားရေးသမားတချို့ ရှိနေတာကြောင့် ဈေးအဆင်မတန် မြင့်နေတယ်လို့ ကုန်စုံဆိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိ မောင်တောမြို့မှာ စားအုန်းဆီကို ရန်ကုန်က တိုက်ရိုက်ချိတ်ဆက်မှာယူ တင်သွင်းနေတဲ့ စီးပွားရေးသမား ၄ ယောက်ရှိပြီး သူတို့ကတဆင့် လက်လီသမားတွေဆီ ပြန်ဖြန့်နေတာလို့ မောင်တောမြို့က မီးဖိုချောင် သုံးကုန်ရောင်းချနေသူ မြို့ခံဈေးသည်တဦးက ပြောပါတယ်။

အဲဒီဈေးသည်က “သူတို့က ရောင်းချင်ရင် ရောင်းမယ်။ မရောင်းချင် မရောင်းဘူး။ တဆင့် ပြန်ရောင်းတဲ့ ဆိုင်ရှင်က ဘူး ၂၀  ဝယ်မယ်ဆိုလည်း မရောင်းဘူး။ ၅ ဘူးပဲ ရောင်းတယ်။ စျေးတက်လာအောင်ကို တမင်လုပ်နေတာ”လို့ သူ့အမြင်ကို ပြောပါတယ်။ 

အခု မောင်တောမြို့မှာ စားအုန်းဆီ ဆယ်ပိဿာ ၁ ဘူးကို ကျပ် ၁၃၄၀၀၀ ဈေးရှိနေပြီး လွန်ခဲ့သည့်နှစ်က စားအုန်းဆီ ဆယ်ပိဿာ ၁ ဘူးကို ၁၇၀၀၀ ကျပ်သာ ရှိတယ်လို့ လက်လီ စျေးဆိုင်တွေက ပြောပါတယ်။

ရန်ကုန်မှ စားအုန်ဆီ တိုက်ရိုက်တွင်သွင်းနေသူ တဦးက "ကျနော်တို့ ရန်ကုန်က ဝယ်ရတာလည်း ခွဲတမ်းနဲ့ ဝယ်ရတာပါ။ ဝယ်ချင်သလောက် ဝယ်မရပါဘူး။ ဒီမှာလည်း တနေ့တည်း အကုန်လုံး ထုတ်ရောင်းလို့ မဖြစ်ဘူးလေ။ ဆီကို စျေးတင်ပြီး ရောင်းချင်လို့ မဟုတ်ဘူး။ ရန်ကုန်က စိတ်ကြိုက်ဝယ်လို့ ရရင် ဒီကလည်း စိတ်ကြိုက်ရောင်းလို့ ရတယ်။ အခုက ရန်ကုန်ကို ဆီသင်္ဘော တစီး ဝင်လာရင် ခွဲတမ်းနဲ့ရတာ။ ဆီးစျေးတက်တာ ဒေါ်လာစျေးနဲ့လည်း ဆိုင်တယ်”လို့ ပြောပါတယ်။

လက်လီရောင်းနေတဲ့ ဆိုင်ရှင်တဦးက "ကျနော်တို့ မြတ်ရင် ဆီ ၁ ဘူးက ငွေ ၁ ထောင်ပဲ မြတ်တာ ပါ။ ဂုံတင်(ကုန်လှောင်ရုံ)မှာ လောင်ထားတဲ့ စားအုန်း ဆီကုန်သည်တွေက အမြတ်ကြီး မြတ်သွား ကြတာ။ ခံရတာက စားသုံးသူတွေပါ။ အဲဒါကို ဒေသအာဏာပိုင်တွေက စစ်ဆေးအရေးယူဖို့ လိုတယ်" လို ပြောပါတယ်။

ဩဂုတ် ၂၁ ရက်မှာတော့ မောင်တောကို ရန်ကုန်က စားအုန်းဆီ ဆယ်ပိဿာဝင် ဘူး ၂၀၀ ဝင်လာတာရှိပြီး ကုန်လှောင်ရုံတွေဆီ ရောက်နေပြီလို့ လက်လီဈေးသည်တချို့ဆီက စုံစမ်း သိရပါတယ်။ 

ပြည်တွင်းမှာတော့ စားအုန်းဆီ ထုတ်လုပ်နိုင်မှုဟာ တန်ချိန် ၄ သိန်းလောက်သာ ရှိပြီး နှစ်စဉ် တန်ချိန် ၆ သိန်း မှ ၇သိန်းကို မလေးရှာနဲ့ အင်ဒိုနီးရှားမှ အဓိက တင်သွင်းနေရပြီး ဒီလို တင်သွင်းတာကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ခရိုနီတချို့က လုပ်ကိုင်နေတာလို့ သိရ ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024