အမေရိကန် ခဲယမ်းမီးကျောက်စက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် မက်အီဝမ်မြို့က ခဲယမ်းမီးကျောက်စက်ရုံတရုံမှာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ မီးလောင်မှု ၂ မှု ဖြစ်ခဲ့ပြီး လူ ၁ ယောက် သေဆုံးကာ အနည်းဆုံး လူ ၃ ယောက် ဒဏ်ရာရပါတယ်။ [caption id="attachment_54977" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ပေါက်ကွဲမှုကြောင့် စက်ရုံ မီးလောင်ပြီး မီးပွားလွင့်စဉ်မှုကြောင့် အနီးပတ်ဝန်းကျင်မှာ မီးတွေ ဆက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ မီးလောင်မှု ၂ ခုလုံး ထိန်းချုပ်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ စက်ရုံဟာ ရီယို ခဲယမ်းမီးကျောက် ကုမ္ပဏီပိုင် စက်ရုံပါ ကာကွယ်ရေး၊ လေကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေအတွက် ခဲယမ်းမီးကျောက်တွေကို ထုတ်လုပ်ပါတယ်။ အရက်၊ ဆေးလိပ်နဲ့ လက်နက်ဗျူရိုက မတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ အခင်းဖြစ်ရာကို လာရောက်ဖို့ ရှိသလို ပေါက်ကွဲမှု ဖြစ်ရတဲ့ ဖြစ်နိုင်ချေကိုတော့ မသိရသေးပါဘူး။

//
More News
Up