Home
မြန်မာသတင်း
ပခုက္ကူမြို့က CDM ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံရ
DVB
·
August 19, 2022

မကွေးတိုင်း ပခုက္ကူမြို့က CDM မြေစာရင်းဝန်ထမ်း တယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၁၈ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတ‌ယောက်က ပြောပါတယ်။

အမှတ် ၁၅၊ ခရေလမ်းမှာနေတဲ့ ကိုဖြိုးသန်းထွန်းဟာ လိုင်းပေါ်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အချက်အလက်တင်တာ၊ Non CDM ဝန်ထမ်းတွေကို လှောင်ပြောင် ရေးသားခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်က အင်အား ၁၀ ယောက် ဝန်းကျင်နဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတဲ့သူက လိုင်းပေါ်တင်တော့ အတိုင်ခံရတာဖြစ်မယ်။ သူ့အကောင့်မှာ သူက ပရိုဖိုင်အစစ်နဲ့ နိုင်ငံရေးလုပ်တော့ နေအိမ်အတိအကျနဲ့ကို လာဖမ်းသွားတာ” လို့ ဒေသခံက ပြောပါတယ်။

သြဂုတ် ၁၈ ရက်က ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေ တင်းကျပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024