Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံ ခရီးစဉ်ကနေ ပြန်လည် ရောက်ရှိ
DVB
·
April 17, 2014
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်ကနေ ဧပြီ ၁၇ ရက် ဒီနေ့ မနက် ၈ နာရီ မိနစ် ၅၀ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၉ ရက်နေ့က စပြီး ဂျာမနီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ DASSK arrived YGN from Germani n Paris17042014ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ၊ ၀န်ကြီးချပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံခဲ့ပြီးနောက် ဂျာမန်ပါလီမန်ကို သွားရောက်လေ့လာပြီး ပါလီမန်ဥက္ကဋ္ဌနဲ့ လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လူတွေ အချင်းချင်းကြား နိုင်ငံတကာ နားလည်မှုတွေ မြှင့်တင်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ နိုင်ငံတကာ ၀ီလီဘရန့်ဒ်ထ်ဆုကို လက်ခံရယူ ခဲ့ပါတယ်။ ဧပြီ ၁၄ ရက်မှာတော့ ပြင်သစ်နိုင်ငံကို ခရီးဆက်ခဲ့ပြီး ပါရီမြို့တော်မှာ သမ္မတ ဟော်လန်ဒီ၊ နိုင်ငံခြားရေးဝန်ကြီး အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024