Home
မြန်မာသတင်း
မုံရွာမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ သေဆုံးမှု အချို့ ရှိနိုင်
DVB
·
August 13, 2022

စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီကား ၁၃ စီးကို မြင်းမူမြို့နယ် ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကျေးရွာ ကြားမှာ ဩဂုတ် ၁၂ ရက် နေ့လယ် ၃ နာရီခွဲက မိုင်း ၅ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ Myaung Bo Tauk Tun(MBTT) Special Force အဖွဲ့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

 “ပြည်သူ့ကား ဟုတ် မဟုတ် စိစစ်သေးတယ်။ မဟုတ်ဘူးဆိုမှ ဆော်လိုက်တာ။ ကားတွေ အကုန်လုံး စစ်သားတွေပါတယ်။ ၈ စီးမြောက်ကားကိုပဲ ဆော်လိုက်တာ”

ကားတွေကို မိုးကာ အုပ်ထားတာကြောင့် စစ်သည်အင်အား စုစုပေါင်းကိုတော့ မခန့်မှန်းနိုင်ဘူးလို့ သူက ဆိုပေမဲ့  အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်းတွေကို အလကပ္ပနဲ့ ဝမ်းပြည့်ရွာကြားမှာ လူနာတင်ကား နဲ့ သယ်သွားတာကို မြင်တယ်လို့လည်း သူက ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ  Myaung Bo Tauk Tun(MBTT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi (MPDF)၊ 11 Brothers Revolution Forceတို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024