Home
မြန်မာသတင်း
ရေးမြို့က CDM သားဖွားဆရာမတဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 12, 2022

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာ ၂ လမ်းက သားဖွားဆရာမကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ် ၁၁ ရက် ည ၇ နာရီခွဲလောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သားဖွားဆရာမဟာ CDM ဝင်ထားပြီး စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူလည်း ဖြစ်တယ်၊ နောက် PDF တွေနဲ့ ပါဝင်ပတ်သက်မှုနဲ့ မသင်္ကာလို့ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးတာကို ခံရတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး တွေ့ခွင့်မရသေးတာကြောင့် သားဖွားဆရာမရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁ နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ၊ NLD ထောက်ခံတဲ့သူတွေ အပါအဝင် ရေးမြို့နယ်မှာ လူ ၁ ဒါဇင်နီးပါး စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လည်မလွတ်မြောက်သေးတဲ့ သူတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024