၃၄ နှစ်မြောက် "၈၈၈၈ အထိမ်းအမှတ် ရန်ပုံငွေဈေးရာင်းပွဲ" ကို Helping Hands for Burma (H2B) အဖွဲ့က ဦးစီးပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ကွင်းစ်မြို့နယ်မှာ ဩဂုတ် ၆ ရက်က ကျင်းပရာမှာ ရန်ပုံငွေ ဒေါ်လာ ၃၀,၀၀၀ ကျော်လောက်ရရှိတယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။
ဒီပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံအပြင် နွေဦးတော်လှန်ရေး အမှတ်တရလက်ဆောင် ပစ္စည်းတွေလည်းခင်းကျင်းပြသရောင်းချခဲ့ပြီး နယူးယောက်တဝိုက်က မြန်မာပြည်ဖွား တိုင်းရင်းသား ၅၀၀ ကျော် လာရောက် အားပေးလှူဒါန်းခဲ့ပါတယ်။
ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို မြန်မာပြည်အနှံ့အပြားက လိုအပ်နေတဲ့ နေရာတွေကို H2B အဖွဲ့ကနေ တိုက်ရိုက် ကူညီလှူဒါန်းမယ်လို့ သိရပါတယ်။