ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျိုက်ကာ ကူမည်
DVB
·
April 10, 2014
ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ)က ကူညီဖို့ အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ ဧပြီ ၁၀ ရက် ဒီနေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။
စီမံကိန်းမှာ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦတွေနဲ့ ဧည့်လမ်းညွှန်တွေ စတဲ့ အပိုင်းလိုက် လေ့လာသုံးသပ်မှုတွေ လုပ်သွားမှာ ဖြစ်ပြီး ဂျိုက်ကာက နည်းပညာနဲ့ ကုန်ကျစရိတ် အကူအညီပေးမယ်လို့ နေပြည်တော် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီ စီမံကိန်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ အကြား လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ အသွားအများဆုံးဖြစ်တဲ့ ပုဂံဒေသဟာ ဒီကနေ့အချိန်ထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသ တခုအဖြစ် သတ်မှတ်ထားခြင်း မခံရသေးပါဘူး။