မြစ်ကြီးနားမြို့ အမှတ် ၃ ရဲစခန်းကင်းဂိတ်တွင် ပစ်ခတ်မှုဖြစ်၊ ရဲ ၄ ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ် ကဝါးခရွာက  ရဲစခန်းအမှတ် - ၃ မှာ သြဂုတ် ၆ ရက် မနက် ၆ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စျေးသည်တဦးက ပြောပါတယ်။

မနက် ၆ နာရီ ဂိတ်တံခါးဖွင့်ချိန် ရဲစခန်းက ကင်းတဲဂိတ်ထဲကို ရဲဝတ်စုံ  ဝတ်ထား သူ ၄ ဦး လာရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဈေးသည်က ပြောပါတယ်။

"၀တ်စုံနဲ့ဆိုတော့ သူတို့အချင်းချင်ထင်ပြီး အငိုက်မိသွားတယ်။ သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိနေတယ်။ ဒီမနက်က ဗုံးသံ၊ သေနတ်သံ၊ စက်သေနတ်သံ အစုံပဲ ၁ နာရီနီးပါး ကြာတယ်။”

မျက်မြင်တွေ့ရှိသူတဦးက “အမည်မသိအဖွဲ့ ၄ ဦးမှာ ၁ ဦးက ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာရသူကို ဆိုင်ကယ်နဲ့တင်ပြီး မောင်းပြေးသွားကြတယ်။ သွေးတွေက လမ်းတလျှောက်ရှိတယ်။ သေလားရှင်လားတော့ မသိဘူး” လို့ ပြောပါတယ်။

ခရီးသွားပြည်သူတဦးက “အမှတ် (၃) ရဲစခန်းက ခရီးသွားလမ်းမကြီးကို ညနေ ၆ နာရီဆို ဂိတ်ကြီးပိတ်လို့ လမ်းသွားလမ်းလာများ တခြားလမ်းကနေပတ်ပြီး သွားနေရလို့ ဒုက္ခ ရောက်နေကြတာ ကြာပြီ။ ဒီနေ့တော့ ပိုဆိုး၊ မနက်မှာပစ်ခတ်မှုဖြစ်လို့ အခုထိ လမ်းမကြီးကို ပိတ်ထားတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား ကဝါးခရွာက  ရဲစခန်း အမှတ် ၃ တိုက်ခိုက်ခံရတာ ဒီတကြိမ်နဲ့ဆို လေးကြိမ်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။ 

//
More News
Up