သီရိလင်္ကာသမ္မတရုံးအပြင်ဘက်ရှိ ပင်မသပိတ်စခန်း ဖျက်သိမ်း

သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ကိုလံဘိုရှိ သမ္မတရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြတဲ့ သပိတ်စခန်းနေရာကနေ ဖယ်ရှားဖို့ ရဲတပ်ဖွဲ့က ရာဇသံကြေညာပြီးနောက်မှာတော့ တက်ကြွ လှုပ်ရှားသူတွေဟာ သြဂုတ် ၅ ရက်မှာ ပင်မဆန္ဒပြတဲ့သပိတ်စခန်းကို ဖျက်သိမ်းခဲ့ကြပါတယ်။

ရဲအရာရှိတွေ ဝင်ရောက်လာချိန်မှာ ဆန္ဒပြသူတွေဟာ “တိုက်ပွဲအတွက် အောင်ပွဲ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ 

“အခုလောလောဆယ်တော့ ဒီနေရာကနေ ထွက်ခွာနေပါတယ်။ တိုက်ပွဲက မဆုံးနိုင်သေးပါဘူး” လို့ အသက် ၂၆ နှစ်အရွယ် ဆန္ဒပြသူ ဂါယမ် မာဒူရှန်ကာက ပြောပါတယ်။ 

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီနဲ့ ဆေးဝါးတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ အမြဲတမ်း ပြတ်လပ်နေမှုနဲ့ ငွေကြေး ဖောင်းပွနေမှုတွေကြောင့် ပြည်သူတွေရဲ့ဒေါသ အရှိန်မြင့်လာပြီး ဇူလိုင်လအစောပိုင်းမှာ လူပေါင်းထောင်ချီ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြရာ ကနေ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ 

//
More News
Up