အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းသားတဦး ဓားဖြင့်ရမ်းကားမှုကြောင့် ၂၂ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ပင်ဆေးဗေးနီးယားပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ ဧပြီ ၉ ရက်နေ့မနက်က အထက်တန်းကျောင်းသားတဦး ဓား ၂ ချောင်းနဲ့ ရမ်းကားခဲ့လို့ ကျောင်းသား အနည်းဆုံး ၂၂ ဦး ထိခိုက်ဒဏ်ရရရှိခဲ့ကြပါတယ်။ ဒဏ်ရာရသူကျောင်းသားတွေကို နီးစပ်ရာဆေးရုံမှာ ကုသထားပြီး ကျောင်းသား တ၀က်လောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ Police tape is seen outside Franklin Regional High School after a series of knife attacks in Murrysvilleဓားနဲ့ ရမ်းခဲ့သူဟာ ၁၆ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသာ အဲလက်စ် ဟာရီဘယ်လ်ဖြစ်ပြီး ရမ်းကားမှုအပြီးမှာပဲ ပင်ဆေးဗေးနီးယားရဲက ဖမ်းဆီးခဲ့ပါတယ်။ အဲလက်စ် ဟာ အသက် ၁၆ နှစ်ပဲရှိပေမယ့် လူကြီးတဦးလိုပဲ သူ့ကို စွဲချက်တင်မှာဖြစ်ပြီး လူသတ်ဖို့ ကြံစည်ကြိုးစားမှု ၄ မှုနဲ့ တိုက်ခိုက်ရမ်းကားမှု ၂၁ မှုအတွက် စွဲချက်တင်ခံရမယ်လို့ ဆိုပါတယ်။ ဧပြီ ၉ ရက်နေ့ မနက်မှာ အဲလက်စ်ကျောင်းထဲကို ၀င်လာပြီး မနက် ၇ ကျော်မှာ ကျောင်းဟောခန်းထဲမှာ တွေ့တဲ့ကျောင်းသားတွေကို ဓားနဲ့ ထိုး၊ ဓားနဲ့ခုတ်ခဲ့တာလို့ မျက်မြင်ကျောင်းသားတွေက ပြောပါတယ်။ ဒုကျောင်းအုပ်က ဆန်ကင်း က ရမ်းကားသူ အဲလက်စ်ကို ဟန့်တားချုပ်နှောင်နိုင်ခဲ့ပြီး ချီးကျူးလေးစားဖွယ်လုပ်ရပ် ဖြစ်တယ်လို့ ပင်ဆေးဗေးနီးယားပြည်နယ်ရဲအရာရှိ တွန်ဆီးဖီးလ်က ပြောဆိုခဲ့ပြီး အမှုကို ၁ ပတ်နဲ့ ၁၀ ရက်အတွင်းမှာ စတင်ကြားနာမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up