ချဲလ်ဆီးနောက်ခံလူသစ် ကူကူရယ်လာ တစ်နှစ်အတွင်း စျေးအကြီးဆုံးနောက်ခံလူစာရင်းဝင်

ချဲလ်ဆီးနောက်ခံလူသစ် ကူကူရယ်လာဟာ တစ်နှစ်အတွင်းမှာပဲ ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူ စာရင်းဝင်လာခဲ့ပါတယ်။

စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာဟာ ဘရိုက်တန်အသင်းကို ပြီးခဲ့တဲ့ ရာသီကမှ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

သူဟာဘရိုက်တန်မှာခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ရာသီ အတွင်းမှာပဲ ပေါင် ၆၂ သန်းအထိ မြင့်တက်လာခဲ့ပြီး ချဲလ်ဆီးက အပြီးသတ်ခေါ်ယူခဲ့တာပါ။

ကူကူရယ်လာကို ကနဦးပေါင် ၅၅ သန်းနဲ့ ထပ်ဆောင်းဆုကြေးပေါင် ၇ သန်းပေးမှာဖြစ်လို့ စုစုပေါင်း ပေါင် ၆၂ သန်း တန်ကြေးရှိခဲ့တာပါ။

ဒီပမာဏဟာ ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူ စာရင်းဝင်သွားခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

စျေးအကြီးဆုံးနောက်ခံလူအဖြစ် မန်ယူနောက်ခံလူ မက်ဂွဲယားက ပေါင်သန်း ၈ဝ နဲ့ ဆက်လက်ရပ်တည်နေပြီး ဗန်ဒိုက်၊ ဒီလစ်၊ လူးကပ်ဟာနန်ဒက်ဇ်နဲ့ ရူဘင်ဒီယက်ဇ်တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

အဲဒီနောက်မှာ ကူကူရယ်လာက ပေါင် ၆၂ သန်းနဲ့ရပ်တည်နေကာ  လာပေါ်တေး၊ မာတီနက်ဇ်၊ ဘင်ဝိူက်နဲ့ ဂျွန်စတုန်းစ်တို့က ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။ 

//
More News
Up