ရော်နယ်ဒိုလို ထိပ်တန်းတိုက်စစ်မှူးရှိနေသဖြင့် ကျေနပ်မိဟု မန်ယူနည်းပြတန်ဟတ်ဂ်ပြော

စီရော်နယ်ဒိုလို ထိပ်တန်းတိုက်စစ်မှူးတယောက် အသင်းမှာရှိနေလို့ ကျေနပ်ပျော်ရွှင်မိကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ အသင်းကနေထွက်ခွါဖို့ သတင်းကြီးခဲ့ပေမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိနေတာပါ။

မန်ယူအသင်းဟာတနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပြီး ရော်နယ်ဒို ပွဲထွက်ပါဝင်ကစားနိုင်တယ်လို့ နည်းပြတန်ဟတ်ဂ်က အရိပ်အမြွက်ပြော သွားပါတယ်။ 

“ကျနော်တို့ကောင်းမွန်စွာလုပ်ဆောင်နေကြပြီး တသင်းလုံးရဲ့ အခြေအနေအပေါ် ကျေနပ်ပါတယ်။ ပြီးတော့ ကျနော်တို့မှာ ထိပ်တန်းတိုက်စစ်မှူးတဦးလည်းရှိတယ်။ သူဟာ အသင်းနဲ့အတူဆက်ရှိနေလို့ အလွန်ကျေနပ်ပျော်ရွှင်မိပြီး ကျနော်တို့ အစီအစဉ်တခု အတူတကွ လုပ်ဆောင်ရပါမယ်” လို့  နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

စီရော်နယ်ဒိုဟာ ဗလက်ကာနိုနဲ့ ခြေစမ်းပွဲ မပြီးခင်မှာ ကွင်းထဲကနေ စောစောထွက်သွားခဲ့လို့ ဝေဖန်မှုခံခဲ့ရပါတယ်။

ဒါပေမဲ့ တခြားကစားသမားတွေဟာလည်း ကွင်းထဲက စောထွက်တာဖြစ်လို့ ရော်နယ်ဒိုကိုပဲ အသားပေးဖော်ပြနေကြတဲ့အပေါ် မျှတမှုမရှိကြောင်း နည်းပြ တန်ဟတ်ဂ်က ထောက်ပြ ဝေဖန်သွားပါတယ်။ 

//
More News
Up