ရန်လိုနေသည့် တရုတ်စစ်သင်္ဘောများနှင့် ကြုံတွေ့ခဲ့ရဟု ထိုင်ဝမ်ငါးဖမ်းသမားများပြော

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ‌ ပေလိုစီရဲ့ မကြာသေးခက်က ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ပြုလုပ်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတဲ့အကြားမှာ ရန်လိုနေတဲ့ တရုတ်စစ်သင်္ဘောတွေကိုလည်း ပုံမှန်မဟုတ်တဲ့ ပမာဏနဲ့ ကြုံတွေ့ခဲ့ရကြောင်း ထိုင်ဝမ်ငါးဖမ်းသမားတွေက သြဂုတ် ၅ ရက်မှာ ပြောဆိုပါတယ်။

တောင်ပိုင်း ပင်တုန်ကောင်တီက အမည်မဖော်လိုသူ ငါးဖမ်းသမားတဦးကို ဒေသခံမီဒီယာမှ မေးမြန်းရာမှာ အခြေအနေတွေက တင်းမာနေလို့ ကြောက်နေရတယ်လို့ ပြောပါတယ်။

“အရင်က ဒါကို အကြိမ်ကြိမ်ကြုံဖူးပေမဲ့ ဒီတခေါက်မှာတော့ ပုံမှန်မဟုတ်တော့ဘူး။ တရုတ် စစ်သင်္ဘောတွေ အများကြီးပဲ။”

တရုတ်ဟာ ‌ေပလိုစီ ထိုင်ဝမ်ကနေ ထွက်ခွာပြီးနောက်နေ့ သြဂုတ် ၄ ရက်မှာ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး သြဂုတ် ၇ ရက်မှာ အပြီးသတ်ဖို့ စီစဉ်ထားတာပါ။

ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က လုပ်ဆောင်နေတဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ကျွန်းတဝိုက်ရှိ ရေပြင်နဲ့ လေပိုင်နက်တို့ကို တိုက်ရိုက်ပစ်ခတ်မှုတွေ ပါဝင်ပါတယ်။

//
More News
Up