နေပြည်တော်မှာ ဩဂုတ် ၄ ရက် ညနေပိုင်းက ရဲကားတစီးနဲ့ အိမ်စီးကားတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇမ္ဗူသီရိမြို့နယ်ထဲက စည်ပင်ဧည့်ရိပ်သာအနီး မီးပွိုင့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားရာ မီးပွိုင့်မှာ ဩဂုတ် ၄ ရက် တနေကုန်နီးပါး ပျက်နေခဲ့တာလို့ အနီးနားနေသူတဦးက ပြောပါတယ်။
"မီးပွိုင့်က မနက်ကတည်းက ပျက်နေတာ၊ အဲဒါကို ရဲကားက အဖြတ် အိမ်စီးကားက ဝင်တိုက်မိတာ၊ အိမ်စီးကားကတော့ ဘာမှ မဖြစ်ဘူး၊ ရဲကားက မှောက်သွားတယ်၊ အဲဒါကို ကရိန်းနဲ့ပြန်ထူထားရတယ်။”
ရဲကားကို ဝင်တိုက်မိတဲ့ ကားအမျိုးအစားက Suzuki Ciaz အမျိုးအစားဖြစ်ပြီး ကားတိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။