နေပြည်တော်တွင် ရဲကားနဲ့ အိမ်စီးကား တိုက်မှု ဖြစ်ပွား

Photo- credit

နေပြည်တော်မှာ ဩဂုတ်  ၄ ရက် ညနေပိုင်းက ရဲကားတစီးနဲ့ အိမ်စီးကားတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇမ္ဗူသီရိမြို့နယ်ထဲက စည်ပင်ဧည့်ရိပ်သာအနီး မီးပွိုင့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားရာ မီးပွိုင့်မှာ ဩဂုတ် ၄ ရက် တနေကုန်နီးပါး ပျက်နေခဲ့တာလို့ အနီးနားနေသူတဦးက ပြောပါတယ်‌။

"မီးပွိုင့်က မနက်ကတည်းက ပျက်နေတာ၊ အဲဒါကို ရဲကားက အဖြတ် အိမ်စီးကားက ဝင်တိုက်မိတာ၊ အိမ်စီးကားကတော့ ဘာမှ မဖြစ်ဘူး၊ ရဲကားက မှောက်သွားတယ်၊ အဲဒါကို ကရိန်းနဲ့ပြန်ထူထားရတယ်။” 

ရဲကားကို ဝင်တိုက်မိတဲ့ ကားအမျိုးအစားက Suzuki Ciaz အမျိုးအစားဖြစ်ပြီး ကားတိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

//
More News
Up