အမရပူရမြို့နယ်တွင် ဗုံးပေါက်ကွဲပြီး လူ ၂ ဦး ဒဏ်ရာရ
DVB
·
August 4, 2022
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးသွား ကမ်းနားလမ်းမှာ ဩဂုတ် ၄ ရက် မနက် ၉ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ယာဥ်လုပ်ငန်းများကြီးကြပ်ရေး လုပ်ငန်းကော်မတီ (ယကက) က ဝန်ထမ်း နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
အဝေးပြေးကားသမားတွေဆီက အခွန်ကောက် ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီဘက်က လူတွေကို အချိန်ကိုက်မိုင်းနဲ့ အကြီးစား ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ No More Dictatorship က ထုတ်ပြန်ထားပါတယ်။