ထိုင်းသံရုံးမှာ ဗီဇာယူဖို့ အခက်ကြုံနေကြရ

သင်္ကြန်ပိတ်ရက် ရှိနေတာကြောင့် ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားတွေ ရန်ကုန်မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှာ ဗီဇာရယူရေး အခက်အခဲတွေ့နေကြောင်း ကိုယ်တိုင် သွားရောက်သူများက ပြောပြကြပါတယ်။ Thai Visaပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီး ထိုင်းသံရုံးမှာ ဗီဇာရဖို့ ညအိပ်စောင့်ဆိုင်းသူတွေ အများအပြား ရှိခဲ့ပြီး တချို့ဗီဇာရဖို့ ၃ ရက်အထိ စောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။ တချို့ပြည်သူတွေဟာလည်း ဈေးချိုတဲ့ Air Asia လေယာဉ်လက်မှတ် ၀ယ်ထားပြီး သွားရမယ့်ရက်မှာ ဗီဇာ မရလို့ လေယာဉ်လက်မှတ်ခ ဆုံးရှုံးတာမျိုးလည်း ရှိကြောင်း ပြောပြကြပါတယ်။ လက်ရှိ ထိုင်းသံရုံးဟာ တဦးချင်း တန်းလာစီသူတွေကို ၁ ရက် အယောက် ၁၅၀ လောက် ဗီဇာ လက်ခံ လုပ်ပေးတယ် ဆိုပေမယ့် လာရောက်စောင့်ဆိုင်းသူတွေဟာ အယောက် ၃၀၀ ကနေ ၄၀၀ မက ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up