Home
အနုပညာ
ကလေး PDF တနှစ်ပြည့် ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲ ပါဝင်ကြည့်ရှုလှူဒါန်းကြရန် ဖိတ်ခေါ် (ရုပ်သံ)
DVB
·
July 29, 2022

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ  ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF Kalay ရဲ့ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲမှာ ပါဝင်ကြည့်ရှုလှူဒါန်းကြဖို သူရဲကောင်းရဲဘော်တွေက ဖိတ်ခေါ်ထားပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ နာမည်ကြီး ချင်းတိုင်းရင်းသားအဆိုတော်တွေဖြစ်ကြတဲ့ ဒေးဗစ်လိုင်၊ ဘင်ဂျမင်ဆုန်းတို့ ဖွဲ့စည်းထားတဲ့ Guys From Chin အဖွဲ့နဲ့အတူ ပြည်သူ့အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ချစ်သုဝေ၊ ဒေါင်းတို့နဲ့အတူ တခြားအနုပညာရှင်တွေ၊ PDF Kalay တပ်ဖွဲ့မှ တိုက်ပွဲဝင်ရဲဘော်တွေကလည်း ပါဝင်သွားကြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေအားလုံးကို ရည်စူးဂုဏ်ပြုကာ ဖန်တီးခဲ့တဲ့ The Gears ဂီတညီအကိုတွေရဲ့ 'ငါတို့အမိမြေ' သီချင်းကိုလည်း ဒီပွဲမှာ တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမယ့် ဒီရန်ပုံငွေဖျော်ဖြေပွဲကိုတော့ ဇူလိုင် ၃၀ ရက်၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာဆိုရင် မနက် ၆ နာရီခွဲ၊ စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံကဆိုရင် မနက် ၉ နာရီ၊ ဂျပန်နိုင်ငံကဆိုရင် မနက် ၁၀ နာရီ၊ ထိုင်းကဆိုရင် မနက် ၈ နာရီတွေမှာ အသီးသီး ကြည့်ရှုနိုင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံက ကြည့်ရှုမယ်ဆိုရင်တော့ ဇူလိုင် ၂၉ ရက် ည ၉ နာရီမှာ စတင်ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ Chin TV၊ PDF Kalay ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ ခေတ်သစ်မီဒီယာ၊ မဇ္ဇိမမီဒီယာတွေကနေတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်သလို ယူကျူဘ်မှာဆိုရင်လည်း CHIN TV International ၊ Washington Mizo News ၊ USA Mizo News နဲ့ Zorimawi စတဲ့ စာမျက်နှာပေါ်မှာလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေအသီးသီးက ဘဏ်အကောင့်တွေက ဆက်သွယ်နိုင်မှာဖြစ်ကာ မြန်မာပြည်က လှူဒါန်းလိုသူတွေကလည်း ချက်ဘောက်စ်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထု သပိတ်တိုက်ပွဲတွေ၊ စစ်အာဏာရှင်တော်လှန်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြင်းထန်နေတာ ဖြစ်ပါတယ်။

လှူဒါန်းနိုင်သည့် Bank Account များ

USA – Zelle-301-532-2768

India – Gpay +91 93626 45217

Singapore – Paynow +65 82233176

NUG Pay - may.grace*nugpay.app

Japan

Bank Name : MUFJ bank, Bank code : 0005, Branch Name : Akihabara branch, Branch Code : 626, Account Type : Normal, Account Number : 3083799, Account Name : ウェイジンニン

Australia

BIBI S FANAI

BSB 062 624

ACC 1059 1536

South Korea

Name- 니니소

Bank Acc- 1013011732150

전북은행

Thailand

ဘဏ်နံပါတ် 7690181384

အမည် Monnut Mala

ဘဏ်အမည် Krung Thai

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024