အခွန်ထမ်း ၁၀၀ ကို ဂုဏ်ပြု

ဧပြီ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ၂၀၁၂ - ၁၃ ခုနှစ်အတွက် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးခဲ့တဲ့ အခွန်ထမ်း အယောက် ၁၀၀ ကို ဂုဏ်ပြုတဲ့ပွဲတခု မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ tax pအခွန်အများဆုံး ဆောင်တဲ့ ထိပ်တန်းကုမ္ပဏီတွေထဲမှာ မြန်မာဘရူဝါရီ၊ Rothmans of Pall Mall Myanmar ၊ ဒဂုံဗေးဘရိတ်၊ မြန်မာ စီပီ လိုက်စတော့၊ စီးတီးမတ် ဟိုးလ်ဒင်း၊ ကမ္ဘောဇနဲ့ ရွှေတောင်ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနဟာ ပြီးခဲ့တဲ့နှစ်အတွက် အခွန်စုစုပေါင်း ကျပ်ငွေ ၂ ထရီလီယံ ကျော် ရခဲ့ပေမယ့် ဒါဟာ တစ်မျိုးသားလုံး ထုတ်ကုန်ပမာဏ ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းကျော်ပဲ ရှိသေဲးပီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် နည်းပါးနေပါသေးတယ်။

//
More News
Up