အန်ဒီအက်ဖ်ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ကျန်းမာရေးအခြေအနေဆိုးရွား
DVB
·
April 8, 2014
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းဟာ ကျန်းမာရေး အခြေအနေဆိုးရွားလာတာကြောင့် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရောက်ရှိနေတယ်လို့ သူ့ရဲ့မိသားစုနဲ့ ပါတီက ပြောပါတယ်။
[caption id="attachment_54565" align="alignright" width="300"] ဒေါက်တာ သန်းငြိမ်း[/caption]ဒေါက်တာသန်းငြိမ်းဟာ အသည်းကင်ဆာရောဂါ ခံစားနေရတာ ဖြစ်ပြီး မကြာသေးခင်က စင်ကာပူနိုင်ငံမှာ အကြိမ်ကြိမ် သွားရောက် ဆေးကုသမှုခံယူရခဲ့ပေမယ့် ကောင်းမွန်လာခြင်း မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က အိန္ဒိယနိုင်ငံမှာ အသည်းအစားထိုး ကုသမှု ခံယူနိုင်ဖို့ သွားရောက်တာ ဖြစ်တယ်လို့သမီးဖြစ်သူ ဒေါ်ခင်သူဇာငြိမ်းက ဒီဗွီဘီကို ပြောပါတယ်။
ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ဆွေမျိုးတော်စပ်သူ ဒေါက်တာသန်းငြိမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အန်အယ်လ်ဒီပါတီက နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။