ချောက်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ

မကွေးတိုင်း ချောက်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မြို့နယ် ၈ မြို့နယ်က ပူးပေါင်းဆန္ဒ ထုတ်ဖော်မှု ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ Jauk၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ-၅၉ (ဃ)၊ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ပွဲကို ဒီကနေ့ ချောက်မြို့မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုမှာ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်တောင်း၊ ရေနံချောင်း၊ စလေ၊ ဆိတ်ဖြူ၊ အစရှိတဲ့မြို့နယ်တွေ ပြည်သူတွေ လာရောက်ပါဝင် ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ချောက်မြို့နယ်အဖွဲ့ချုပ်ဝင် ဦးစိုးမြင့်က ပြောပါတယ်။ လူပေါင်း ၆ ရာလောက်ပါဝင်ဆန္ဒ ထုတ်ဖောက်ခဲ့ပြီး ခွင့်ပြုထားတဲ့ လမ်းကြောင်းအပြင် တခြားလမ်းကြောင်းတွေမှာ သွားတဲ့အတွက် ဆန္ဒပြခေါင်းဆောင်ကို အရေးယူဖို့ရှိတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်း ပြောပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ တစုံတဦးကို ဖမ်းဆီးအရေးယူတာ မတွေ့ရသေးဘူးလို့ ဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

//
More News
Up