ဒီဗွီဘီသတင်းထောက်တဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်

ဒီဗွီဘီသတင်းထောက် သူရသက်တင် (ခေါ်) ဦးဇော်ဖေနဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို မကွေးတိုင်း မကွေးမြို့နယ် တရားရုံးက ဒီကနေ့ နေ့လည်မှာ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးသိန်းထွန်းက ပြောပါတယ်။ Zaw Peပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းထဲ ကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဦးဇော်ဖေရဲ့ ရှေ့နေဖြစ်သူကတော့ ကျူးလွန်တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်တဲ့အကြောင်း နဲ့ ခရိုင်တရားရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up