အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး ၄ မိုင်နားမှာ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီလောက်ကစပြီး တမူး PDF တပ်ရင်း ၄ နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး အများအပြားဒဏ် ရခဲ့တယ်လို့ PDF Tamu တပ်ရင်း ၄ က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိဘဲ ညနေ ၃ နာရီမှာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မြို့ထဲမှာနေထိုင်သူတဦး သေဆုံး သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကလေး-တမူးလမ်းကြောင်းမှာ စစ်ရေး တင်းမာနေတာကြောင့် တမူး-ကလေးလမ်းပိုင်း ကို အသုံးမပြုဖို့ကို တမူး PDF က သတိပေးထားပါတယ်။