Home
မြန်မာသတင်း
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးထွန်းရီ ကွယ်လွန်
ပိုင်စိုး
·
April 4, 2014
အာဏာရှင်ဟောင်းဦးနေ၀င်းရဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို အမွေဆက်ခံတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီဟာ ဒီနေ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ အသက် ၈၈ နှစ် အရွယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ ဧပြီ ၄ ရက်နေ့ မနက် ၂ နာရီမှာ ရန်ကုန်မြို့ ရွှေဂုံတိုင် အက်စ်အက်စ်စီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ [caption id="attachment_54437" align="alignright" width="300"]ဓာတ်ပုံ - nationalunityparty.org ဓာတ်ပုံ - nationalunityparty.org[/caption]ဦးထွန်းရီဟာ ၁၉၈၁ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဖြစ်လာပြီး ၂၀၀၅ ခုနှစ်ကနေ ကွယ်လွန်ချိန်အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဦးထွန်းရီကို ၁၉၂၆ ခုနှစ်၊ မေ ၁ ရက်နေ့က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ၀မ်းပြည့်ကျေးရွာမှာ မွေးဖွားခဲ့ပြီး ၁၉၄၄ ခုနှစ်တွင် ဂျပန်ခေတ် ဗမာကာကွယ်ရေးတပ်မတော် (ဘီဒီအေ)ရဲ့ တပ်သားအဖြစ် စတင် ၀င်ရောက်ခဲ့ပြီး မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် ၃ ကို တက်ရောက်သင်ယူကာ အမှတ် ၄ ဗမာသေနတ်ကိုင်တပ်ရင်းမှတဆင့် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း ၁၉၇၁ ခုနှစ် နိုဝင်ဘာမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖြစ်ပွားခဲတဲ့ ကွမ်လုံ ရက် ၄၀ တိုက်ပွဲမှာ ဗျူဟာမှူးအဖြစ်နဲ့ အနီးကပ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးထွန်းရီဟာ ၁၉၈၁ ခုနှစ်မှာ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အဲဒီနှစ်မှာပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်လာခဲ့တာပါ။ ၈၈ လူထုအုံကြွမှုအပြီး ၁၉၉၀ ရွေးကောက်ပွဲကာလမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ တစညပါတီမှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ သူ ဖြစ်ပါတယ်။ ဦးထွန်းရီရဲ့ဈာပနအတွက် ပါတီက စီစဉ်နေပြီး လာမဲ့ ဧပြီ ၆ ရက်နေ့မှာ သင်္ဂြိုဟ်ဖို့ရှိနေ တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းရီက ပြောပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024