မလေးဝန်ကြီးချုပ်က လေယာဉ်ပျောက် ရှာဖွေတဲ့လုပ်ငန်းတွေ ဆက်လုပ်သွားမည်ဟု ကတိပြု

ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်စ်ဘော့နဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်တို့က လေယာဉ်ပျောက် ရှာဖွေတဲ့လုပ်ငန်းကို ဆက်လုပ်သွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။ လေယာဉ်ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ လေယာဉ်တွေရဲ့ စခန်းထောက်နဲ့ ထွက်ခွာရာ ဖြစ်တဲ့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့အနီးက ပီယက်စ်လေဆိပ်ကို ခဏတာ သွားရောက် လေ့လာပြီးနောက်မှာ အခုလို သံဓိဌာန်ချ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ [caption id="attachment_54097" align="alignright" width="300"]ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ) ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)[/caption]သြစတြေးလျဝန်ကြီးချုပ်က “သတင်းအချက်အလက် နည်းနည်းလေးအပေါ်မှာ အခြေခံ ပြီးတော့ ရှာဖွေရေးလုပ်ငန်းတွေ အားသွန်ခွန်စိုက် လုပ်ဆောင်နေရင်းနဲ့ ကံဆိုးမိုးမှောင် ကျခဲ့ရတဲ့လေယာဉ်နဲ့ ပတ်သက်လို့ တစတစ ပိုပိုသိလာရတယ်ဆိုတဲ့ ယုံကြည်မှုတွေလည်း နေ့စဉ်တိုးပွားလာပါတယ်”လို့ ပြောပါတယ်။ လောလောဆယ် နိုင်ငံပေါင်း ၇ နိုင်ငံက လေယာဉ်တွေဟာ ဒါဇင်နဲ့ ချီတဲ့ ရှာဖွေရေး ခရီးစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပျောက်ဆုံးသွားတဲ့ မလေးရှားအဲလိုင်း ဂျက်လေယာဉ်ရဲ့ အစအနတွေကို အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းဒေသမှာ ဆက်လက်ရှာဖွေနေပါတယ်။ “ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရဲ့ နမူနာ တခုဖြစ်တယ်။”လို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်စ်ဘော့က ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်ကလည်း ရှာဖွေရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ ၀န်ထမ်းတွေကို ချီးကျူလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်ကျော်ကာလအတွင်းမှာ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ လူရာပေါင်းများစွာဟာ ပင်လယ်ထဲမှာ မုန်တိုင်းတွေ ဘယ်လောက်ထန်ထန်၊ ရေခဲပြင်က ဘယ်လောက်အေးအေး ပူးပေါင်းဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုကြားလိုက်ပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေကို လက်လျှော့မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ မလေးရှားအစိုးရဟာ လေယာဉ်ပျောက်သွားတဲ့ကိစ္စမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည် ၂၃၉ ယောက်ထဲမှာ အများစုဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့အလျှောက် တရုတ်နိုင်ငံရဲ့ ဝေဖန်မှုကို အများဆုံး ရင်ဆိုင်နေရပါတယ်။ အခုအချိန်အထိလည်း အာဏာပိုင်တွေဟာ လေယာဉ်လမ်းကြောင်း နောက်ကြောင်း ပြန်လှည့်သွားတယ်ဆိုတာကလွဲလို့ လေယာဉ်ပျောက်သွားရတဲ့ အကြောင်းရင်းကို ရေရေရာရာ အဖြေမထုတ်နိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up