Home
မြန်မာသတင်း
ပုန်ကန်ထကြွ အာဏာရှင်ကို တွန်းလှန်ကြရန် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အာဇာနည်နေ့တွင် တိုက်တွန်း
DVB
·
July 19, 2022

အာဇာနည်တွေရဲ့ ဝိညာဉ်တွေ ပူးကပ်ပြီး ပုန်ကန်ထကြွ အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့  အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သတင်းစကားပါး တိုက်တွန်းလိုက်ပါတယ်။ 

ဇူလိုင် ၁၉ ရက်  ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အပြာရောင် အကျဉ်းသားဝတ်စုံပေါ်မှာ  တောင်းဆိုချက်တွေရေးသားကာ  စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ၉ ဦးမက၊ မနိုင်မချင်း တနိုင်ငံလုံး နိုင်ကျဉ်း၊ အာဏာနည်တို့၏ ဝိညာဉ်များ ပူးကပ်ကြလော့၊ အာဇာနည်တွေနေတဲ့တိုင်းပြည်၊ အာဏာရှင်တွေ ဆိတ်သုဉ်း ဗမာတစ်ပြည်လုံး၊ ပုန်ကန်ထကြွ အာဏာရှင်စနစ်ကို  တွန်းလှန်ကြစတဲ့ စာသားတွေ ရေးသားပြီး  အကျဉ်းထောင်နဲ့ နီးစပ်သူတွေကနေတဆင့် သတင်းစကားပါး ခဲ့ကြတာပါ။

အာဇာနည်နေ့အထိမ်းမှတ်အနေနဲ့ အကျဉ်းထောင်ထဲမှာ အထိမ်းအမှတ်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ဖို့ရည်ရွယ်ထားပေမဲ့  အခြေအနေ မပေးတာကြောင့် ထောင်ထဲမှာ လှုပ်ရှားဆောင်ရွက်မှုတွေ မလုပ်ဖြစ်တော့ဘူးလို့  အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ 7 July တုန်းက အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အထိမ်းအမှတ် လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြတဲ့အတွက် အကျဉ်းထောင်အာဏာပိုင်တွေက အကျဉ်းသားတချို့ငကို ရိုက်နှက်ခဲ့ပါတယ်။  ဒီကနေ့မှာကျရောက်တဲ့ အာဇာနည်နေ့မှာတော့ ထောင်ထဲမှာ လှုပ်ရှားမှုမလုပ်တော့ပဲ ပြင်ပမှာရှိတဲ့ပြည်သူတွေကို အခုလိုမျိုး သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးက တက်ကြွလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ပြည်သူ ၁၁၆၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အေအေပီပီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024