ရုရှားတပ်တွေ ယူကရိန်းကို ဆက်လက်ကျူးကျော်မယ်ဆိုရင် သမိုင်းဝင်အမှား ကျူးလွန်တာ ဖြစ်ကြောင်း နေတိုးပြော

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် အန်ဒါဖာ ရာမြူဆန်
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို ဆက်လက်ကျူးကျော်မယ်ဆိုရင် သမိုင်းဝင်သွားမယ့် အမှားတခုကို ကျူးလွန်တာပဲ ဖြစ်လိမ့်မယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် အန်ဒါဖာ ရာမြူဆန်က ဧပြီ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကရိုင်းမီးယားကို သိမ်းပိုက်တာနဲ့ ရပ်မနေသေးပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကိုပါ ရုရှားတပ်တွေ ဆက်လက်ကျူးကျော်မယ်ဆိုရင် နိုင်ငံတကာရဲ့ ၀ိုင်းကျဉ်တာကိုပဲ ပိုမိုခံရဖို့ရှိပြီး ပိုမို ဆိုးဝါးတဲ့ အကျိုးဆက်တွေကိုပဲ ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ [caption id="attachment_54407" align="alignright" width="300"]နေတိုးအထွေထွေအတွင်းရေးမှူးချုပ် အန်ဒါဖာ ရာမြူဆန် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် အန်ဒါဖာ ရာမြူဆန်[/caption]ဧပြီ ၂ ရက်နေ့က နေတိုးစစ်ဖက်အရာရှိ အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး ဖီးလစ်ဘရက်လဘ်က ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ တပ်ချထားပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်မယ်ဆိုရင်လည်း ၃ ရက်နဲ့ ၅ ရက်အတွင်း ရည်မှန်းချက်ကို ပြီးမြောက်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ရုရှားတပ်တွေ သိသိသာသာ ရုပ်သိမ်းတယ်ဆိုတာကို မတွေ့ရသေးပဲ တပ်တွေသာ ထပ်တိုးနေပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်နေတာပဲ တွေ့ရတယ်လို့ နေတိုး အထွေထွေ အတွင်းရေးမှူးချုပ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းပိုင် ကရိုင်းမီယားကို သိမ်းပိုက်အပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ဆက်ဆံရေး စစ်အေးခေတ်နောက်ပိုင်း အဆိုးဆုံးအခြေအနေ ရောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ အီးယူနိုင်ငံတွေဟာ ရုရှားနိုင်ငံကို စီးပွားရေးဝိုင်းဝန်း ပိတ်ဆို့ခဲ့ကြပြီး ရုရှားနိုင်ငံက ရှေ့ဆက်တိုးမယ်ဆိုရင် အရေးယူမှုတွေလည်း ဆက်လက် တိုးမြှင့်လုပ်ဆောင်သွား မှာ ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up