Home
သတင်းတို
သန်းခေါင်စာရင်းတွင် ပါဝင်ခွင့်မရ၍ ဒေသဖွံ့ဖြိုးရေး နစ်နာနိုင်ဟု ရှမ်းနီပါတီပြော
နန်းမြနဒီ
·
April 4, 2014
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာမှာ ကချင်ပြည်နယ် ဒေသတချို့က ရွာသားတွေ အမည်စာရင်း ပါဝင်ခွင့်မရတဲ့အတွက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ နစ်နာနိုင်တယ်လို့ ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောပါတယ်။ Census2014ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က သူတို့ထိန်းချုပ်ဒေသထဲမှာ သန်းခေါင်စာရင်း ကောက်ခွင့်မပြုတဲ့အတွက် မန်စီမြို့နယ်နဲ့ မိုးမိတ်မြို့နယ်က ရှမ်းတိုင်းရင်းသား ကျေးရွာပေါင်း ၃၇ ရွာ၊ လူဦးရေပေါင်း ၃ သောင်းကျော် သန်းခေါင်စာရင်းထဲ မပါဝင်နိုင်ဘူးလို့ ရှမ်းနီ အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် သန်းခေါင်စာရင်း ထည့်လို့ရတဲ့ဒေသ ဥပမာ နမ့်ဆီးအောင်၊ ပေပင်ကုန်းနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ တုံပင်ရွာစတဲ့ဒေသတွေမှာကျတော့ ဒေသခံတွေ တွေဝေအောင် လူမျိုးအမည်ကို ရှမ်းနီလို့ မထည့်ဘဲ၊ ကချင်လို့ ပြောခိုင်းတာ၊ ကုတ်နံပတ်မရှိတဲ့ တိုင်းနိုင်းလို့ ပြောခိုင်းနေတာတွေ ရှိတဲ့အတွက် ရှမ်းနီလူဦးရေ စာရင်းအမှန် နည်းပါးစေပြီး တိုင်းရင်းသားအခွင့်အရေးလည်း ဆုံးရှုံးစေတယ်လို့ သူကဆက်ပြောပါတယ် ၊။ ဒါကြောင့် ကေအိုင်အေရဲ့ သန်းခေါင်စာရင်းကောက်ခံမှု တားမြစ်ခြင်းနဲ့ လူမျိုးအမည်မှန် မထည့်နိုင်အောင် ခြိမ်းခြောက်ဖြားယောင်းသွေးဆောင်နေမှုတွေလည်း အပြင်းအထန် ရှုတ်ချကြောင်း သူတို့ပါတီက ဧပြီ ၃ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်ကို ထုတ်ပြန်ထားတယ်လို့ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024