Home
မြန်မာသတင်း
အစာအိမ် အူလမ်းကြောင်းက သွေးထွက်ခဲ့တဲ့ ဦးဝင်းတင် အခြေအနေ တိုးတက်လာ
DVB
·
April 3, 2014
ဧပြီ ၂ ရက်နေ့မှာ အခြေအနေ ဆိုးဝါးခဲ့တဲ့ ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ် ကုသ ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်‌ရဲ့ ကျန်းမာရေး အခြေအနေဟာ ဧပြီ ၃ ရက်နေ့မှာ ပြန်လည်သက်သာလာတယ်လို့ မိသားစုဝင်နဲ့ မိသားစု ဆရာဝန်တွေက ပြောပါတယ်။ ဧပြီ ၁ ရက်နေ့မှာ အခြေအနေကောင်းလာတဲ့ အတွက် အသက်ရှုစက်ကို ဖြုတ်ခဲ့သလို မျက်လုံးဖွင့် ခေါင်းငုံစတာတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဧပြီ ၂ ရက်နေ့ မနက် ၅ နာရီလောက်မှာ ၀မ်းထဲမှာ သွေးစတွေ စပါလာတာကို တွေ့ခဲ့ရတယ်လို့ ဦးဝင်းတင်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ မြင့်သိန်းက ရှင်းပြပါတယ်။ [caption id="attachment_54061" align="alignright" width="300"]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျမြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခံနေစဉ် (ဓာတ်ပုံ - ကိုကိုကြီး) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျမြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခံနေစဉ် (ဓာတ်ပုံ - ကိုကိုကြီး)[/caption]အဲဒီကနေ စောင့်ကြည့်နေရာကနေ ၉ နာရီလောက်မှာ ပိုများလာတဲ့ အတွက် အစာအိမ်၊ အူလမ်းကြောင်း တနေရာကနေ သွေးထွက်တယ်လို့ ယူဆရတဲ့အကြောင်း မနက် ၇ နာရီကနေ ညနေ ၇ နာရီအထိ သွေး ၆၀၀ စီစီအထိ ထွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ ဧပြီ ၃ ရက်နေ့ ဦးဝင်းတင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်သိန်းက အခုလို ပြောပါတယ်။ “အခြေအနေကတော့ မနေ့က ညနေပေါ့နော် ၇ နာရီနောက်ပိုင်းမှာ နည်းနည်း ထွက်သေးတယ်။ ဒီနေ့မနက်မှာတော့ သိပ်အဆိုးကြီး မဟုတ်ဘူး။ ကျနော့်က နေ့လည်ဆိုရင် ဆေးရုံ သွားတော့မှာလေ။” ပိုက်တပ်ထားတဲ့အတွက် စကားမပြောနိုင်ပေမယ့် သတိရှိနေသလို အသက်အရွယ် ကြီးတဲ့ အတွက် ပုံမှန်အနေအထားကို မရောက်သေးဘဲ စောင့်ကြည့်ဖို့လိုတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေတဲ့ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောပါတယ်။ “ပုံမှန်တော့ မဟုတ်သေးဘူး။ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့။ ဘဘက အသက်လည်းကြီးပြီဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတယ်။ သတိကတော့ ရပါတယ်။ စောစောက ဆရာဝန်မကြီးက ကျမကို ခေါ်ခိုင်းတယ်လေ။ ခေါ်ကြည့်ပါဦးဆိုတော့ ခေါ်ကြည့်တယ်။ သွားခိုင်းတာလားလို့ မေးတဲ့အခါကြတော့ မျက်တောင်လေး လှုပ်ပြတယ်။” ဦးဝင်းတင်ကို ချစ်‌မြတ်‌နိုးသူတွေက ဧပြီ ၂ ရက်နေ့မှာ ရွှေတိဂုံဘုရား ဗုဒ္ဓဟူး‌ဒေါင့်‌နဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ထံကို လာရောက်လည်ပတ်ဖို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ရောက်လာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024