Home
စီးပွားရေး
အမ်အေအိုင် ပြည်ပခရီးစဉ်တွေကို ဒေါ်လာ ၁၀၀ လျော့မည်
DVB
·
April 3, 2014
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (အမ်အေအိုင်)ဟာ သင်္ကြန်ကာလ အထူးအစီအစဉ်အဖြစ် ပြည်ပခရီးစဉ်အားလုံးကို မူရင်းဈေးထက် ဒေါ်လာ ၁၀၀ လျော့ရောင်းချမယ်လို့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောပါတယ်။ mai1ရန်ကုန် - ဘန်ကောက် အသွားအပြန်ခရီးစဉ်ကို နဂို ဒေါ်လာ ၂၁၆ ကနေ အခု ၁၁၆၊ ရန်ကုန် - စင်ကာပူအသွားအပြန်ကို နဂို ဒေါ်လာ ၃၁၉ ကနေ အခု ၂၁၉ ဒေါ်လာ၊ ရန်ကုန်- ကွာလာလမ်ပူအသွားအပြန် ခရီးစဉ်ကို နဂို ၂၇၉ ကနေ အခု ၁၇၉ နဲ့ပဲ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ ဒီ ခရီးစဉ်လက်မှတ်တွေကို ဧပြီ ၂၉ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ၀ယ်ယူနိုင်ပြီး လာမယ့် အောက်တိုဘာလ ၂၅ ရက်အထိ သွားမယ့် ခရီးစဉ်တွေအတွက် ၀ယ်ယူနိုင်ပါတယ်။ ဒီ ခရီးစဉ်လက်မှတ်တွေမှာ ခရီးသည်တွေအနေနဲ့ ကုန်စည် ၂၀ ကီလို သယ်ဆောင်နိုင်ပြီး အစားအသောက်ဧည့်ခံမှုလည်း ပါဝင်တယ်လို့ ဒေါ်အေးမရသာက ရှင်းပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024