Home
မြန်မာသတင်း
နမ့်စန်မြို့အနီး မြေငလျင်ထပ်လှုပ်
DVB
·
July 7, 2022

ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု  ဇူလိုင် ၇ ရက် ဒီနေ့မနက်က  ထပ်မံ လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၁၁ နာရီ၊ ၂၈ မိနစ်၊ ၂၉ စက္ကန့်အချိန်လောက်က ‌တောင်ကြီးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၅၂ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း နမ့်စန်မြို့ရဲ့ အ‌ရှေ့-အရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ အနက် ၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။

ဒီမနက် ၆ နာရီ၊ ၅၃ မိနစ်ကျော်လောက်ကလည်း နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် ၃၈ မိုင်ခန့်ကွာဝေးတဲ့ လင်းခေးမြို့ရဲ့ အနောက်ဘက်  ၁၂ မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၆ ရက် ညနေ ၄ နာရီကျော်လောက်ကလည်း နမ့်စန်မြို့အနီး မြောက်ဘက် ၅ မိုင်ခန့်အကွာမှာလည်း အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ မကွေးတိုင်း သရက်မြို့နယ်တွေမှာလည်း  အင်အားအနည်းငယ်ရှိ မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်သွားပါတယ်။

အဆိုပါ မြေငလျင်တွေကြောင့် လူတွေထိခိုက်တာနဲ့ အဆောက်အဦတွေ ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024