သီရိလင်္ကာတွင် ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့က မီးသတ်ပိုက်နှင့် မျက်ရည်ယိုဗုံးသုံး လူစုခွဲ

သီရိလင်္ကာအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်ဖြစ်နေပြီး ဇူလိုင် ၆ ရက်က လွှတ်တော်အဆောက်အအုံနားမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ရေပိုက်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ လူငယ်တွေ အဓိကပါဝင်ပြီး အတိုက်အခံပါတီတွေ၊ သမဂ္ဂတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း၊ သာမန် အရပ်သားတွေလည်း ပူးပေါင်းတာ တွေ့ရပါတယ်။

သီရိလင်္ကာမှာ လောင်စာ၊ လျှပ်စစ်နဲ့ စားနပ်ရိက္ခာတွေ ရှားပါးပြတ်လပ်တာ ရက်သတ္တပတ်တွေချီ ကြာနေပြီး ကျန်းမာရေးစနစ်တခုလုံး ပြိုကျသွားနိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သမ္မတ ရာဂျာပက်ခ်စာက အိန္ဒိယနဲ့ တရုတ်က ငွေကြေးအကူအညီတွေနဲ့ တိုင်းပြည်စီးပွားရေးကို ကျားကန်ဖို့ ကြိုးစားနေပေမဲ့ အခုချိန်ထိ မအောင်မြင်သေးဘဲ ဆန္ဒပြပွဲတွေကလည်း တားမရ ဆီးမရ ဖြစ်နေတာပါ။

နောက်ဆုံး အကူအညီတောင်းထားတဲ့ နိုင်ငံက ရုရှားဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်ဆီကနေ လောင်စာဆီ အကူအညီပေးဖို့ တောင်းထားတယ်လို့ ရာဂျာပက်ခ်စာက မနေ့က ပြောပါတယ်။

//
More News
Up