Home
မြန်မာသတင်း
ကိုနေမျိုးဇင်နဲ့ ဦးဝင်းချိုကို ထောင်ဒဏ် ၃ လစီချ
နော်နိုရင်း
·
April 1, 2014
လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ ၂ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။ [caption id="attachment_54227" align="alignleft" width="400"]ဓာတ်ပုံ - နေမျိုးဇင် ဓာတ်ပုံ - နေမျိုးဇင်[/caption]လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်း ဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို့  ဧပြီ ၁ ရက် နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေပြီး ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံတာဖြစ်ပါတယ်။ အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိဘူးလို့ အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လယ်သမား အရေးအတွက် ခွင့်ပြုချက်မရဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာလို့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့ နေခင်းပိုင်းမှာတော့ သူတို့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024