Home
မြန်မာသတင်း
မြန်မာပြည်တွင်း မြေငလျင်များ ဆက်တိုက်လှုပ်ခတ်နေ
DVB
·
July 7, 2022

ရှမ်းပြည်နယ်၊ လင်းခေးမြို့အနီး အင်အား ရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဇူလိုင် ၇ ရက် က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၆ နာရီ၊ ၅၃ မိနစ်၊ ၄၈ စက္ကန့် အချိန်က နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် ၃၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း လင်းခေးမြို့ရဲ့ အနောက်ဘက်  ၁၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်  ၂၀ ဒသမ ၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၇ ဒသမ ၈၁  ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားတာဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီး မြောက်ဘက် ၅ မိုင်ခန့်အကွာမှာလည်း ဇူလိုင် ၆ ရက်  ညနေ ၄ နာရီ ကျော်လောက်က  အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့ပါတယ်။

ဇူလိုင် ၆ ရက် မနေ့ နေ့လယ် ၂ နာရီခွဲလောက်ကလည်း  မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုကိုဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

ဇူလိုင် ၅ ရက်ညကလည်း မကွေးတိုင်း၊ သရက်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ မြေလျင်လှုပ်ခဲ့သလို မနက်ပိုင်းမှာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး  ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။

အဆိုပါ မြေငလျင်တွေကြောင့် လူတွေထိခိုက်တာနဲ့ အဆောက်အဦတွေ ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024