မန်ယူအသင်း၏ လေ့ကျင့်ခန်းအစီအစဉ် ၃ ရက်ဆက်တိုက် စီရော်နယ်ဒို လွဲချော်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ် ၃ ရက်ဆက်တိုက် လွဲချော်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မိသားစုကိစ္စ အကြာင်းပြချက်နဲ့ ခွင့်ယူထားပြီး တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့အထိ အသင်းနဲ့အတူပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ ဆက်လက်လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်ကတည်းက အသင်းကနေ ထွက်ခွာချင်ကြောင်း အသိပေးထားပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ သတင်းထွက်ခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့် ဇူလိုင် ၁၂ ရက်မှာ လီဗာပူးအသင်းနဲ့ ဘန်ကောက်မှာ ခြေစမ်းပွဲကစားဖို့ရှိပြီး စီရော်နယ်ဒို လိုက်ပါမယ်လို့ ကြေညာထားပေမဲ့ လက်ရှိအချိန်ထိတော့ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးတာပါ။

စီရော်နယ်ဒိုအနေနဲ့ အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာလည်း နည်းပြ အဲရစ်တန်ဟတ်ဂ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

//
More News
Up