မာလီနိုင်ငံအပေါ် ပိတ်ဆို့မှုများ အီကိုဝက်စ်ခေါင်းဆောင်များ ပယ်ဖျက်

အနောက်အာဖရိက စီးပွားရေး လူ့အဖွဲ့အစည်း အီကိုဝက်စ်ရဲ့ ခေါင်းဆောင်တွေဟာ မာလီနိုင်ငံအပေါ် စီးပွားရေး နဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဇူလိုင် ၃ ရက်မှာ ပယ်ဖျက်ပေးလိုက်ပါတယ်။

မာလီနိုင်ငံမှာ စစ်အစိုးရက ကနဦးအစီအစဉ်အတိုင်း ဒီမိုကရက်တစ် ရွေးကောက်ပွဲတွေကို လာမယ့်လတွေမှာ စီစဉ်မှာ မဟုတ်ဘူးလို့ ပြောအပြီး ဇန်နဝါရီလမှာ အီကိုဝက်စ်က မာလီနိုင်ငံကို တင်းတင်းကျပ်ကျပ် ဒဏ်ခတ်ခဲ့တာပါ။

စစ်အာဏာသိမ်းသူတွေက ၂၄ လ ကြာမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆိုပြုပြီး ရွေးကောက်ပွဲဥပဒေသစ်ကို ထုတ်ပြန်အပြီးမှာ ဒဏ်ခတ်မှုကို ခုလို ရုပ်သိမ်းလိုက်တာပါ။

ဒဏ်ခတ်ထားတာကို ချက်ချင်း ရုပ်သိမ်းမယ်လို့ အီကိုဝက်စ်ရဲ့ကော်မရှင်ဥက္ကဋ္ဌ ယန်းကလော့ဒီ ကက်စီဘရူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မာလီနဲ့ နယ်စပ်တွေကို ပြန်ဖွင့်ပေးပြီး ဒေသတွင်း သံတမန်တွေ မာလီရဲ့ မြို့တော် ဘာမာကိုဆီကို ပြန်သွားကြလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

//
More News
Up