မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့က ငါးဖမ်းနေတဲ့ လူငယ် သုံးယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့ ဧရာဝတီတံတားနားမှာ ငါးဖမ်းနေတဲ့ ကုက္ကိုလှရွာက လူငယ် သုံးယောက်ကို စစ်ကောင်စီရဲ့ လှည့်ကင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ပခုက္ကူမြို့ ဧရာဝတီတံတားနားနဲ့ မြစ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီး တွေ ရေကင်းလှည့်တာ သုံးရက်လောက်ရှိပြီ။ သူတို့က ဧရာဝတီတံတားနားက ရှင်းလင်းဆောင်မှာ တပ်စွဲထားပြီး ဖြတ်သွား ဖြတ်လာ ရေယာဥ်တွေကို တာပြီး ငွေတောင်းတာနေကြတယ်။”
အလားတူ မြစ်ခြေမြို့မှာလည်း ဇွန် ၂၉ ရက်က လူငယ် နှစ်ယောက်နဲ့ မိန်းကလေး တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးကာ ဇွန် ၃၀ ရက်မှာလည်း ပခုက္ကူကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်းကို ဖမ်းဆီးသွားပါတယ်။